inspirewebstudio
Here for online marketing, how to do for success your website
Sunday, October 28, 2018
Saturday, September 16, 2017
သစ်ပင်
ကျွန်တော် သစ်ပင်ကြီးတစ်ပင်ပါ။ အသက်ကတော့ ခင်ဗျာ တို့ထက်တော့ ကြီးတယ်ဗျ။
နှစ်ပေါင်းတစ်ရာကျော်ပြီလိုတော့ ကျွန်တော် ဘိုးဘေးတွေ ပြောကြတာပဲ။ အရင်က
ကျွန်တော်နေတာ ကျွန်တော့် ဆွေမျိုးသစ်ပင်တွေ ဘိုးဘေတွေနဲ့ပေါ့
သူတို့ကိုတော့ အရမ်းကြင်နာတတ်တယ်လို့သူတို့ကို သူတို့ ပြောတတ်ကြတဲ့
လူတွေ(ခင်ဗျားတို့တွေ) ခုတ်သတ် လိုက်ကြတာလေ။ အခုတော့ ကျွန်တော်
တစ်ယောက်တည်း အထီးကျန်စွာ နေနေရတယ်။ ဒါကြောင့် ခင်ဗျားတို့နဲ့ ပတ်သတ်ပြီး
ကျွန်တော် မှာ ရှိတဲ့ခံစားချက်တွေကို ပြောပြရအုန်းမယ် ။ခင်ဗျားတို့က
တစ်ခုခုဆို သိပ်သနားတတ်တယ်
သိပ်ကြင်နာတတ်တယ်လို့ထင်နေတယ်။ တကယ်က သိပ်ရက်စက်တယ်
အစားအသောက်ကိုပဲကြည့်လေ အသားမပါ သိပ်မစားတတ်ကြဘူး
ဆူဖြိုးနေတဲ့အသားလေးမှစားချင်တာနဲ့ ဘယ်အကောင်လေးကို
ဘယ်လိုချက်စားချင်ရတာနဲ့ အခြား သတ္တဝါ တွေကို ချက်စား သတ်စား သတ်ရုံအား
မရဘူး ခင်ဗျားတို့လူတွအချင်းချင်းလည်း လုပ်ကြံသတ်ဖြက် လိမ်လည် လှည့်စား
နေကြတာပဲလေ။ ဒါကြောင်လည်း အရက်စက်ကလည်းလူပဲ
ကြင်နာအတတ်ဆုံးကလည်းလူပဲလိုခင်ဗျားတို့တတွေပြောကြတာကိုး။ ဘယ်မှာလဲ
ခင်ဗျားတို့ ကြင်နာတတ် သနားတတ်တာ။ကျွန်တော် သစ်ပင်တွေက ရိုးသားတယ်ဗျ။
ဟန်မဆောင်တတ်ကြဘူး။
ကျွန်တော်နေတဲ့ နေရာရှေ့မှာ ကျောင်းတစ်ကျောင်း ရှိတယ်။ အဲဒီကျောင်းမှာ ကျောင်းလာပို့တဲ့ မိဘတွေမှာ ကိုယ့်သားသမီး ကိုကျောင်းလာပို့တာတောင် ကလေးဘေးနားထားပြီး ဆေးလိပ်လေးသောက်လို့ဗျ။ သူကြိုက်လို့သူ သောက်တယ်ဆိုတောင် ကလေးကို ဒုက္ခမပေးသင့်ဘူးလေ။ အချို့တွေကြတော့ ကိုယ့်ကလေးရှေ့ မှာမသောက်ကြဘူး ဒါပေမယ့် အခြားကလေးတွေ အများပြည်သူရှိတဲ့နေရာတွေမှာ ခပ်တည်တည်နဲ့ သောက်နေတာပဲလေ။ ဘယ်မှာလည်း ခင်ဗျားတို့တစ်ယောက်နဲ့တစ်ယောက် ညှာတာမှု။
ကျွန်တော်တို့သစ်ပင်တွေက သစ်ပင်နဲ့တစ်ပင် ညှာတာမှုရှိတယ်ဗျ။
နောက်တစ်ခု ခင်ဗျာ အသက်ရှင်နေထိုင်မှီခီုနေရတဲ့ ကမ္ဘာကြီးကိုတောင် မညှာတာကြလို့ အခုမှ ကမ္ဘာကြီးကိုပြန်ကယ်တင်ဖို့လုပ်နေရပြီမဟုတ်လား။
ကျွန်တော်တို့သစ်ပင်တွေက ကမ္ဘာကြီးကို ကူညီနေတာဗျ။
ရာသီဥတုတွေ ကောင်းမွန် မှန်ကန်အောင် ခင်ဗျာတို့အတွက် အောင်စီဂျင်တွေရအောင် လုပ်ပေးနေတာတောင် ခင်ဗျားတ်ု့မညှာမတာ ခုတ်လဲရောင်းချနေတာပဲလေ။
တော်ပါပြီဗျာ မပြောတောပါဘူ့း ကျွန်တော်လည်း ဘယ်တော့ ခုတ်လှဲခံရမလဲမသိပါဘူး
1.7.2017

Target Customer
Target Customer
ကိုယ်လုပ်ငန်းဟာ ဘယ်သူတွေကို ပစ်မှတ်ထားတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိထားရပါမယ် ဒါမှ Online ဘယ် tool တွေကို သုံးပြီး ထိုးဖောက်ရမယ် ဆိုတာကိုသိမှာပါ။
ကိုယ်က လူငယ်တွေကို Target ထားတယ်ဆိုရင် လူငယ် ရှိမယ့်နေရာတွေ ဥပမာ Facebook တွင် Page ထောင်ပြီး လူငယ်တွေ ကြိုက်တတ်တဲ့ သတင်းတွေ အကြောင်းအရာတွေ အဆက်မပျက်မျှဝေပြီး ကိုယ့်Product ကို မျှမျှပြီး ကြေငြာ သင့်ပါတယ်။ နောက်လူငယ် ဖတ်လေ့ရှိတဲ့ website တွေမှာ ကြေငြာလေးတွေထည့်သင်ပါတယ်။
Social Media
Social media တွေဟာ online မှာ အများအပြားရှိပါတယ်။ ကိုယ်ဘယ်အရာကို အသုံးပြုရမယ်ဆိုတာကို သိထားသင့်ပါတယ်။ Travels & Tours တွေမှာ ကိုယ်က Outbound ကို အဓိက ထားပြီးလုပ်ဆောင်တယ်ဆိုရရင် Facebook တစ်ခုတည်းကိုပဲ့ အားကိုးလို့မရပါဘူး LinkedIn လို မျိုး Social တွေကိုပါ သုံးသင့်ပါတယ်။ LinkedIn မှာ စီပွားလုပ်ငန်းရှင်တွေ အတတ်ပညာရှင်တွေ(ပြည်တွင်း ပြည်ပ). ရှိပါတယ် သူတို့နဲ့ ချိတ်ဆက် လုပ်ကိုင်နိုင်ပါတယ။ website တစ်ခုလည်ူတည်ဆောက်ထားသင့်ပါတယ်။ နိုင်ငံခြားက လူများက လုပ်ငန်းအကြောင်းကို website ကိုပဲကြည့်တတ်ကြလို့ပါ။

Tuesday, September 5, 2017
Facebook နဲ့ Website
Facebook ၏ အားသာချက်များ။
****************************************************************
၁။ အမြန်တည်ဆောက်နိုင်ပါသည်။
၂။ ကုန်ကျစရိတ်မရှိပါ။
၃။ လူတော်တော်များများသုံးပါတယ်။
၎။ အသက်၊ ကျားမ၊ စိတ်ဝင်စားမူ၊ နေရာဒေသကိုရွေးပြီးတိကျစွာ ကြော်ငြာ(Boostလုပ်)နိုင်သည်။

င်္Facebook ၏ အားနည်းချက်များ။
****************************************************************
၁။ ဒီဇိုင်းက ကန့်သတ်ချက်ရှိပြီး ကိုယ်တိုင်မပြုပြင်နိုင်ပါ။ Facebook page တွေအားလုံးဟာ တစ်ပုံစံတည်းပါ တစ်ခုနဲတစ်ခု ကွဲပြားခြားနားအောင် မတည်ဆောက်နိုင်။
၂။ Facebook တွင် ပါဝင်သော vistior report မှာ တိကျမှုမရှိပါ။
၃။ Facebook page ကို (လုံးဝ)ကိုယ်မပိုင်ပါ။ မိမိတင်ချင်သောလည်း Facebook က spam သတ်မှတ်လျှင်တင်လို့မရပါ။ Facebook ရဲ့စည်းကမ်းတစ်ခုခုနဲမကိုက်ရင် Facebook page ပိတ်သွားနိုင်ပါတယ်။
၎။ Facebook account တွေဟာ အတုအယောင်များပါတယ်။ တစ်ကမ္ဘာလုံးရဲ့ ၁၁% ဟု account အတုတွေပါ။
၅။ Facebook Page ကို စီးပွားရေးအနေနဲ့ ယုံကြည်လက်ခံနိုင်မှုနည်းပါတယ်။
၆။ Facebook Page အနေ့နဲ တိကျသော အချက်အလက်များ မပေးနိုင်ပါတယ်။
Website ၏ အားသာချက်များ။

၁။ တည်ဆောင်ထားချက်ဖြင့် Client များရဲ့ ယုံကြည့်မှုရရှိပါသည်။
၂။ စီးပွားရေးလုပ်ငန်းအတွက် ယုံကြည့်လက်ခံနိုင်မူများပါတယ်။
၃။ မိမိဒီဇိုင်းကို မိမိတစ်ဦးတည်း အသုံးပြုနိုင်ပါသည်။ စိတ်ကြိုက်ရေးဆွဲနိုင်ပါသည်။
၎။ ၁၀၀% ကိုယ်ပိုင်ဖြစ်ပါသည်။ ကိုယ်ပိုင် ဆိုဒ်ဖြစ်တဲ့အတွက် မိမိစိတ်ကြိုက် တင်နိုင်ပါသည်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှာ ထိမ်းချုပ်နိုင်ခြင်းမရှိပါ။
၅။ Google analytics ကိုအသုံးပြုပြီး တိကျသေချာသော report များကိုကြည့်ရှုနိုင်ပါသည်။
၆။ တစ်ပတ်မှာ ၇ရက်၊ ၂၄နာရီ လည်ပတ်နိုင်ပါတယ်။ မည်သူ တစ်ဦးတစ်ယောက်တစ်ဘောထားနှင့်မျှ down ထားလို့မရပါ။
၇။ ကိုယ်ပိုင်ဖြစ်တဲ့အတွက်ကြောင့် ကိုယ်ကြိုက်တဲ့ applicatoion ကိုတင်ပြီး run နိုင်ပါသည်။
၈။ SEO, SEM သုံးပြီး ဘယ် search မဆိုရှာနိုင်အောင် ပြုလုပ်နိုင်ပါသည်။
Website ၏ အားနည်းချက်များ။

၁။ အလွယ်တကူမတည်ဆောက်နိုင်ပါ။ နည်းပညာလိုအပ်ပါသည်။
၂။ Marketing လုပ်ဖို့အတွက် Facebook လိုကုန်ကျမူရှိနိုင်ပါသည်။
၃။ ထိမ်းသိမ်းစောက်ရှောက်ခ ကုန်ကျပါမည်။
Call For Your Website 09 4200 43 933

Subscribe to:
Posts (Atom)
-
ဝက်ဘ်ဆိုဒ်ကို ဖန်တီးပေးသူဟာ Ready Made Design(Template) ကိုအဆာသွပ်ပေးလိုက်လို့ဖြစ်ပါသည်။ ထိုကြောင့် မိမိနှင့်ပုံစံတူ Website တွေဟာအ...
-
မိမိ ၀ဘ်ဆိုဒ်တွင် ပုံတင်သည်ဖြစ်စေ Facebook တွင်ပုံသည့် ဖြစ်စေ Onlineတွင် ပုံတင်မည်ဆိုပါက 72 resolution သုံးသင့်ပါသည်။Resolution...
-
တကယ်ပစ္စည်းတွေရောင်းရဖို့ အတွက် Website လွှင့်တင်ထားရုံနဲ့  မရပါဘူး ကိုယ် website ကို လူသိအောင်လုပ်ရပါမယ်။ အောက်ပါ အချက်အချက်တွေက ရောင...