Saturday, September 16, 2017

သစ်ပင်

ကျွန်တော် သစ်ပင်ကြီးတစ်ပင်ပါ။ အသက်ကတော့ ခင်ဗျာ တို့ထက်တော့ ကြီးတယ်ဗျ။ နှစ်ပေါင်းတစ်ရာကျော်ပြီလိုတော့ ကျွန်တော် ဘိုးဘေးတွေ ပြောကြတာပဲ။ အရင်က ကျွန်တော်နေတာ ကျွန်တော့် ဆွေမျိုးသစ်ပင်တွေ ဘိုးဘေတွေနဲ့ပေါ့ သူတို့ကိုတော့ အရမ်းကြင်နာတတ်တယ်လို့သူတို့ကို သူတို့ ပြောတတ်ကြတဲ့ လူတွေ(ခင်ဗျားတို့တွေ) ခုတ်သတ် လိုက်ကြတာလေ။ အခုတော့ ကျွန်တော် တစ်ယောက်တည်း အထီးကျန်စွာ နေနေရတယ်။ ဒါကြောင့် ခင်ဗျားတို့နဲ့ ပတ်သတ်ပြီး ကျွန်တော် မှာ ရှိတဲ့ခံစားချက်တွေကို ပြောပြရအုန်းမယ် ။ခင်ဗျားတို့က တစ်ခုခုဆို သိပ်သနားတတ်တယ် သိပ်ကြင်နာတတ်တယ်လို့ထင်နေတယ်။ တကယ်က သိပ်ရက်စက်တယ် အစားအသောက်ကိုပဲကြည့်လေ အသားမပါ သိပ်မစားတတ်ကြဘူး ဆူဖြိုးနေတဲ့အသားလေးမှစားချင်တာနဲ့ ဘယ်အကောင်လေးကို ဘယ်လိုချက်စားချင်ရတာနဲ့ အခြား သတ္တဝါ တွေကို ချက်စား သတ်စား သတ်ရုံအား မရဘူး ခင်ဗျားတို့လူတွအချင်းချင်းလည်း လုပ်ကြံသတ်ဖြက် လိမ်လည် လှည့်စား နေကြတာပဲလေ။ ဒါကြောင်လည်း အရက်စက်ကလည်းလူပဲ ကြင်နာအတတ်ဆုံးကလည်းလူပဲလိုခင်ဗျားတို့တတွေပြောကြတာကိုး။ ဘယ်မှာလဲ ခင်ဗျားတို့ ကြင်နာတတ် သနားတတ်တာ။ကျွန်တော် သစ်ပင်တွေက ရိုးသားတယ်ဗျ။ ဟန်မဆောင်တတ်ကြဘူး။
ကျွန်တော်နေတဲ့ နေရာရှေ့မှာ ကျောင်းတစ်ကျောင်း ရှိတယ်။ အဲဒီကျောင်းမှာ ကျောင်းလာပို့တဲ့ မိဘတွေမှာ ကိုယ့်သားသမီး ကိုကျောင်းလာပို့တာတောင် ကလေးဘေးနားထားပြီး ဆေးလိပ်လေးသောက်လို့ဗျ။ သူကြိုက်လို့သူ သောက်တယ်ဆိုတောင် ကလေးကို ဒုက္ခမပေးသင့်ဘူးလေ။ အချို့တွေကြတော့ ကိုယ့်ကလေးရှေ့ မှာမသောက်ကြဘူး ဒါပေမယ့် အခြားကလေးတွေ အများပြည်သူရှိတဲ့နေရာတွေမှာ ခပ်တည်တည်နဲ့ သောက်နေတာပဲလေ။ ဘယ်မှာလည်း ခင်ဗျားတို့တစ်ယောက်နဲ့တစ်ယောက် ညှာတာမှု။
ကျွန်တော်တို့သစ်ပင်တွေက သစ်ပင်နဲ့တစ်ပင် ညှာတာမှုရှိတယ်ဗျ။
နောက်တစ်ခု ခင်ဗျာ အသက်ရှင်နေထိုင်မှီခီုနေရတဲ့ ကမ္ဘာကြီးကိုတောင် မညှာတာကြလို့ အခုမှ ကမ္ဘာကြီးကိုပြန်ကယ်တင်ဖို့လုပ်နေရပြီမဟုတ်လား။
ကျွန်တော်တို့သစ်ပင်တွေက ကမ္ဘာကြီးကို ကူညီနေတာဗျ။
ရာသီဥတုတွေ ကောင်းမွန် မှန်ကန်အောင် ခင်ဗျာတို့အတွက် အောင်စီဂျင်တွေရအောင် လုပ်ပေးနေတာတောင် ခင်ဗျားတ်ု့မညှာမတာ ခုတ်လဲရောင်းချနေတာပဲလေ။
တော်ပါပြီဗျာ မပြောတောပါဘူ့း ကျွန်တော်လည်း ဘယ်တော့ ခုတ်လှဲခံရမလဲမသိပါဘူး
1.7.2017

Target Customer

Target Customer
ကိုယ်လုပ်ငန်းဟာ ဘယ်သူတွေကို ပစ်မှတ်ထားတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိထားရပါမယ် ဒါမှ Online ဘယ် tool တွေကို သုံးပြီး ထိုးဖောက်ရမယ် ဆိုတာကိုသိမှာပါ။
ကိုယ်က လူငယ်တွေကို Target ထားတယ်ဆိုရင် လူငယ် ရှိမယ့်နေရာတွေ ဥပမာ Facebook တွင် Page ထောင်ပြီး လူငယ်တွေ ကြိုက်တတ်တဲ့ သတင်းတွေ အကြောင်းအရာတွေ အဆက်မပျက်မျှဝေပြီး ကိုယ့်Product ကို မျှမျှပြီး ကြေငြာ သင့်ပါတယ်။ နောက်လူငယ် ဖတ်လေ့ရှိတဲ့ website တွေမှာ ကြေငြာလေးတွေထည့်သင်ပါတယ်။

Social Media
Social media တွေဟာ online မှာ အများအပြားရှိပါတယ်။ ကိုယ်ဘယ်အရာကို အသုံးပြုရမယ်ဆိုတာကို သိထားသင့်ပါတယ်။ Travels & Tours တွေမှာ ကိုယ်က Outbound ကို အဓိက ထားပြီးလုပ်ဆောင်တယ်ဆိုရရင် Facebook တစ်ခုတည်းကိုပဲ့ အားကိုးလို့မရပါဘူး LinkedIn လို မျိုး Social တွေကိုပါ သုံးသင့်ပါတယ်။ LinkedIn မှာ စီပွားလုပ်ငန်းရှင်တွေ အတတ်ပညာရှင်တွေ(ပြည်တွင်း ပြည်ပ). ရှိပါတယ် သူတို့နဲ့ ချိတ်ဆက် လုပ်ကိုင်နိုင်ပါတယ။ website တစ်ခုလည်ူတည်ဆောက်ထားသင့်ပါတယ်။ နိုင်ငံခြားက လူများက လုပ်ငန်းအကြောင်းကို website ကိုပဲကြည့်တတ်ကြလို့ပါ။

Tuesday, September 5, 2017

သင့် Facebook မှာ Multiple Languages အသုံးပြုနည်း
1. Facebook page မှာ setting ကိုနိုပ်ပါ။
2.Post in Multiple Languages ကို Edit ကိုနိုပ်ပါ။ပြီးလျှင် check box လေးကို click နိုပ်ပါပြီး save လုပ်ပါ။
3. ပြီးလျှင်မိမိတင်မယ့် စာပေါ်မှုတည်ပြီး Language ကိုရွေးတင်လို့ရပါပြီ။
ဖုန်း 09 9755 29493
www.inspire-myanmar.com



Facebook နဲ့ Website
Facebook ၏ အားသာချက်များ။
****************************************************************
၁။ အမြန်တည်ဆောက်နိုင်ပါသည်။
၂။ ကုန်ကျစရိတ်မရှိပါ။
၃။ လူတော်တော်များများသုံးပါတယ်။
၎။ အသက်၊ ကျားမ၊ စိတ်ဝင်စားမူ၊ နေရာဒေသကိုရွေးပြီးတိကျစွာ ကြော်ငြာ(Boostလုပ်)နိုင်သည်။

င်္Facebook ၏ အားနည်းချက်များ။
****************************************************************
၁။ ဒီဇိုင်းက ကန့်သတ်ချက်ရှိပြီး ကိုယ်တိုင်မပြုပြင်နိုင်ပါ။ Facebook page တွေအားလုံးဟာ တစ်ပုံစံတည်းပါ တစ်ခုနဲတစ်ခု ကွဲပြားခြားနားအောင် မတည်ဆောက်နိုင်။
၂။ Facebook တွင် ပါဝင်သော vistior report မှာ တိကျမှုမရှိပါ။
၃။ Facebook page ကို (လုံးဝ)ကိုယ်မပိုင်ပါ။ မိမိတင်ချင်သောလည်း Facebook က spam သတ်မှတ်လျှင်တင်လို့မရပါ။ Facebook ရဲ့စည်းကမ်းတစ်ခုခုနဲမကိုက်ရင် Facebook page ပိတ်သွားနိုင်ပါတယ်။
၎။ Facebook account တွေဟာ အတုအယောင်များပါတယ်။ တစ်ကမ္ဘာလုံးရဲ့ ၁၁% ဟု account အတုတွေပါ။
၅။ Facebook Page ကို စီးပွားရေးအနေနဲ့ ယုံကြည်လက်ခံနိုင်မှုနည်းပါတယ်။
၆။ Facebook Page အနေ့နဲ တိကျသော အချက်အလက်များ မပေးနိုင်ပါတယ်။
Website ၏ အားသာချက်များ။
****************************************************************
၁။ တည်ဆောင်ထားချက်ဖြင့် Client များရဲ့ ယုံကြည့်မှုရရှိပါသည်။
၂။ စီးပွားရေးလုပ်ငန်းအတွက် ယုံကြည့်လက်ခံနိုင်မူများပါတယ်။
၃။ မိမိဒီဇိုင်းကို မိမိတစ်ဦးတည်း အသုံးပြုနိုင်ပါသည်။ စိတ်ကြိုက်ရေးဆွဲနိုင်ပါသည်။
၎။ ၁၀၀% ကိုယ်ပိုင်ဖြစ်ပါသည်။ ကိုယ်ပိုင် ဆိုဒ်ဖြစ်တဲ့အတွက် မိမိစိတ်ကြိုက် တင်နိုင်ပါသည်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှာ ထိမ်းချုပ်နိုင်ခြင်းမရှိပါ။
၅။ Google analytics ကိုအသုံးပြုပြီး တိကျသေချာသော report များကိုကြည့်ရှုနိုင်ပါသည်။
၆။ တစ်ပတ်မှာ ၇ရက်၊ ၂၄နာရီ လည်ပတ်နိုင်ပါတယ်။ မည်သူ တစ်ဦးတစ်ယောက်တစ်ဘောထားနှင့်မျှ down ထားလို့မရပါ။
၇။ ကိုယ်ပိုင်ဖြစ်တဲ့အတွက်ကြောင့် ကိုယ်ကြိုက်တဲ့ applicatoion ကိုတင်ပြီး run နိုင်ပါသည်။
၈။ SEO, SEM သုံးပြီး ဘယ် search မဆိုရှာနိုင်အောင် ပြုလုပ်နိုင်ပါသည်။
Website ၏ အားနည်းချက်များ။
****************************************************************
၁။ အလွယ်တကူမတည်ဆောက်နိုင်ပါ။ နည်းပညာလိုအပ်ပါသည်။
၂။ Marketing လုပ်ဖို့အတွက် Facebook လိုကုန်ကျမူရှိနိုင်ပါသည်။
၃။ ထိမ်းသိမ်းစောက်ရှောက်ခ ကုန်ကျပါမည်။

Call For Your Website 09 4200 43 933

Friday, March 24, 2017

Website က ဘာလို့ Inquire မလာတာလဲ။ ဘာလို့ အလုပ်မဖြစ်တာလဲ။ ?????

 
 
Company တော်တော်များများက Website လွှင့်တင်ထားကြပါတယ်။ သို့သော် Website ကို ကနေInquire မလာ အလုပ်မဖြစ်တာကို အများအားဖြင့် ကြုံတွေကြရပါတယ်။ အောက်ပါအချက်အလက်တွေကတော့ website အလုပ်မဖြစ်စေအောင် ဟန့်တားထားတဲ့ အချက်အလက်အချို့ဖြစ်ပါတယ်။
၁။ Website မှာအသုံးပြုထားတဲ့ Color တွေ၊ Layout အပြင်အဆင်တွေကြောင့် ဖြစ်တတ်ပါတယ်။ စာတွေကို ဖတ်ရလွယ်အောင် ရှင်းရှင်းလင်းလင်း ဖြစ်နေသင့်ပါတယ်။ Layout ကလည်း ဘာနိုပ်ရမှန်းမသိအောင် ရှုပ်ထွေးမနေသင့်ပါဘူး။ မိမိ Website မှာ Company website ဆိုလျှင် Magazine၊ သတင်းစာ website လို့ နေရာများများမှာ မိတ်တုတ်မိတ်တုတ်(Blink)ပုံတွေ စာတွေ ပြွတ်သိပ်နေအောင်ထည့်ထားလျှင် Website Visitor မှာ ဘာဟာကိုနိုပ်ရမည်မသိ ဖြစ်တတ်ပါတယ်။ ကိုယ်ရောင်းချင်တဲ့ ကိုယ်ပေးချင်တဲ့ Message ကို ရှင်းရှင်းလင်းလင်း ပေးနိုင်အောင် လုပ်ဆောင်ရပါမည်

၂။ ကိုယ် target ထားတဲ့ Customer တွေအတွက်အဆင်မပြေလို့လည်းဖြစ်နိုင်ပါတယ်။ ကိုယ်က ဘယ်သူတွေကို ရောင်းမှာလဲ။ ဘယ်သူတွေကို ၀ယ်စေချင်တာလဲ စဉ်းစားထားသင့်ပါတယ်။ ဥပမာ ပင်စင်စားတွေအတွက် ရည်ရွယ်ထားတဲ့ ၀က်ဘ်ဆိုဒ်ဟာ စာလုံးတွေကြီးကြီးအသုံးပြုရမှာပါတယ်။

၃။ ၀က်ဘ်ဆိုဒ်တွင်ပါဝင်သော စာတွေဟာ Update မဖြစ်လို့ လည်း ဖြစ်နိုင်ပါတယ်။ အမြဲ update ဖြစ်နေသင့်ပါသည်။ အချို့ဝက်ဘ်ဆိုဒ်တွေဟာ အောင်မြင်ပြီးလူသိများတဲ့ ဆိုဒ်တွေကနေ စာတွေ အကြောင်းအရာတွေကို ကူးယူပြီး ထည့်သွင်းထည့်ကြပါတယ်။ Website Visitor ဟာ ကိုယ်ဝက်က်ဆိုဒ်တစ်ခုတည်းကို ကြည့်နေတာမဟုတ် အခြား ၀က်ဘ်ဆိုဒ်တွေကိုလည်း ကြည့်နေတာဖြစ်သည်မို့ ၀က်ဘ်ဆိုဒ်ကို ယုံကြည့်မှုလျော့နည်းသွားနိုင်ပါတယ်။

၎။ About Us Page မပါတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ၀က်ဘ်ဆိုဒ် တွင် Visitor အများစုဟာ About Us Page ကို အကြည့်အများဆုံးဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ Company အကြောင်း ဘာတွေလုပ်နေသည် ဘာတွေနဲချိတ်ဆက်ထားသည် စသည့်ဖြင့် ထည့်သွင်းထားသင့်ပါသည်။ မိမိ ဆိုဒ်ကို ယုံကြည့်မှုရမှာပါ။
၅။ Mobile နဲကြည့်လို့မရလို့လည်း ဖြစ်နိုင်ပါတယ်။ ယခုခောတ်မှာ website visitor တော်တော်များဟာ Mobile ဖြင့်ကြည့်ရှု့နေကြပါတယ်။ ဒါကြောင့် မိမိဆိုဒ်ကို mobile ဖြင့် ကြည့်ရှု့နိုင်အောင်နဲ့ ပေါ့ပါး မြန်ဆန် အောင်ပြုလုပ်ထားသင့်ပါတယ်။

၆။ Contact Us Page မပါ(သို့) ကောင်းကောင်းအလုပ်မလုပ်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ မိမိဆိုဒ်တွင် ရှိသော Contact Us တွင် လိပ်စာကို တိတိကျကျရှင်းရှင်းလင်းဖော်ပြထားသင့်ပါသည်။ Contact Us page တွင် ပါဝင်သော Form မှာတကယ်အလုပ်မလုပ် စမ်းသပ်သင့်ပါသည်။ Visitor ကလှမ်းဆက်သွယ်သော်လည်း Form က ကောင်းကောင်း အလုပ်မလုပ်လို့ မိမိဆီမရောက်တာလည်း ဖြစ်နိုင်ပါသည်။
သင့်စိတ်တိုင်းကျ ၀က်ဘ်ဆိုဒ် ကောင်းမွန် မြန်ဆန်သော ၀က်ဘ်ဆိုဒ်များရေးဆွဲလို့ပါက 09 9755 29 493 ကိုဆက်သွယ်လိုက်ပါ။

Thursday, March 2, 2017

ကိုယ်ပိုင် Website လွှင့်တင်ထားရုံနဲ အလုပ်တွေရပြီလား ပစ္စည်းတွေရောင်းရပြီလား


တကယ်ပစ္စည်းတွေရောင်းရဖို့ အတွက် Website လွှင့်တင်ထားရုံနဲ့ မရပါဘူး ကိုယ် website
ကို လူသိအောင်လုပ်ရပါမယ်။ အောက်ပါ အချက်အချက်တွေက ရောင်းရနိုင်မည့် အချက်တချို့ ဖြစ်ပါတယ်။

*****Google မှာ Submite လုပ်ရပါမယ်။ Google Webmaster page မှာ ကို website site directory ကိုထည့်ပေးရပါမယ်။ google က အလွယ်တကူ crawl လုပ်နိုင်မှာပါမှ google search result မှာ ပါနိုင်ပါမယ်။

******Business Card တို့ ကြေငြာ စာရွက် မှန်သမျှမှာ website name ကို ထည့်ပေးပါ။ Domain ရွေးတဲ့နေရာမှာလည်း မှတ်မိလွယ် တိုတောင်းတဲအမည်ကိုပဲ ရွေးချယ်ပေးသင့်ပါတယ်။ ထိုပြင် ဖုန်းဖြင် အလွယ်တကူ ဖတ်နိုင်အောင် QR code လေးဖန်တီးပြီး ထည့်ပေးသင့်ပါသည်။အဲဒါမှ လူတွေအလွယ်တကူ မှတ်မိ မိမိ Website ကို လာရောက် ကြည့်ရူ့နိုင်မှာပါ။

******Free Directory တွေမှာ website လိပ်စာကို ထည့်သွင်းပါ။

******Social တွေမှာ ကြေငြာလျှင် စာမည်းပေးပြီး မိမိ website ပေါ်ရောက်လာအောင် ဖန်းတီးပါ။

*****လာကြည့်တဲ့လူတွေရောက်လာလျှင်လည်း လူတွေစိတ်ဝင်စားပြီး အလွယ်တကူ ဆက်သွယ်ဝယ်ယူနိုင်အောင် ရေးဆွဲထားဖို့လိုပါတယ်။

သင်လုင်ငန်းတွေ လူသိများပြီးအောင်မြက်ဖို့အတွက် Online Marketing ရော Offline Marketingရော ဆောင်ရွက်ဖို့လိုပါတယ်။


Online Marketing တွင်လုပ်ဆောင်ရမည့် အချက်အချို့မှာ

***** Website ရေးဆွဲလွှင့်တင်ခြင်း(သတင်းအချက်အလက်စုံလင်စွာ ပါသင့်သည့် အပြင် Mobile ရော Computerနှင့်ပါ အသုံးပြုနိုင်အောင် ရေးဆွဲသင့်ပါသည်)

****** Social Media တွင် ဖော်ပြခြင်း ( အချက်များကိုစုံလင်စွာဖော်ပြနိုင်ရန် မိမိ website လင့်ပါ ထည့်သွင်းဖော်ပြသင့်ပါသည်)

******* နာမည်ကြီး လူအကြည့်များသည့် Website များတွင် ကြေငြာခြင်း(ထိုကြေငြာကို နိုပ်လိုက်ပါက မိမိ website ကိုရောက်လာအောင် ပြုလုပ်သင့်သည်)

****** Search Engine Google စာမျက်နှာ တွင် မိမိ Website ကို ဖော်ပြအောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်

Tuesday, February 16, 2016

ပြည်တွင်းတွင်ရှိသောမိမိ ၀က်ဘ်ဆိုဒ် Design မှာအခြား နိုင်ငံခြားမှာရှိတဲ ၀က်ဘ်ဆိုဒ် တစ်ခုနဲသွားတူနေတာဘာကြောင့်ပါလဲ။





ဝက်ဘ်ဆိုဒ်ကို ဖန်တီးပေးသူဟာ Ready Made Design(Template) ကိုအဆာသွပ်ပေးလိုက်လို့ဖြစ်ပါသည်။ ထိုကြောင့် မိမိနှင့်ပုံစံတူ Website တွေဟာအများအပြားရှိနိုင်ပါတယ်။ 

Ready Made(Template) တွေဟာအခမဲ့ယူသုံးလို့ ရသလို့ အချို့ဟာပိုက်ဆံပေးမှ အသုံးပြုနိုင်ပါတယ်။ လောလောဆယ်ဆယ်တွင ပိုက်ဆံပေးရအသုံးပြုခွင့်ရသော Read Made(Template) များကို မြန်မာနိုင်ငံရှိCD ဆိုင်တွင် ၁၀၀၀ကျပ်ဖြင့် ၀ယ်ပြီး အသုံးပြုလို့ရနေပါသေးသည်။

ဝဘ်က်ဆိုဒ်ရေးဆွဲပေးသူများမှ ကိုယ်ပိုင် Design များ(အလုပ်အပ်သူစိတ်ကြိုက်)ကိုအသုံးပြုပေးထားပါကမိမိ ၀ဘ်က်ဆိုဒ်မှာ အခြားသူများနှင့် သွားတူနေမည်မဟုတ်ပါ။

Inspire  Web Studio
09 9755 29 493

Monday, February 8, 2016

Email Security



  •  Email Password ကို လုံခြုံရေးအတွက် တစ်လ တစ်ခါ ချိန်းသင့်ပါသည်။
  •  သင့်ရုံးတွင် Department အလိုက်အသုံးပြုနေသော email တွင်လည်း ၀န်ထမ်းတစ်ယောက် ထွက်သွားသည့်နှင့် password ချိန်းသင့်ပါသည်။ အကယ်၍ gmail ကိုအသုံးပြုထားပါက forward setting ၊ recover option တွေကိုပါ စစ်ဆေးသင့်ပါသည်။
  • Email login ၀င်၍ mail စစ်ပြီးပါက စက်နားမှာမခွာခင် logout သင့်ပါသည်။
  •   ငွေရေး ကြေးရေးနှင့် ပတ်သက်ပြီး Email ပို့မည်ဆိုပါ မိမိပို့မည့်သူ၏ email address ကိုသေချာစွာစစ်ပါ။
  •   အရေးကြီး File ဖြစ်သည် ထိုကြောင့် မိမိ email password အသုံးပြုပြီးမှ ကြည့်ရမည်ဟု email ပို့လာပါက မယုံကြည်သင့်ပါ။

Inspire Web Studio
Call us : 09 9755 29 493

Sunday, February 7, 2016

Online မှာ ပုံတင်သည့် အခါ သုံးသင့်သော Resolution




မိမိ ၀ဘ်ဆိုဒ်တွင် ပုံတင်သည်ဖြစ်စေ Facebook တွင်ပုံသည့် ဖြစ်စေ Onlineတွင် ပုံတင်မည်ဆိုပါက 72 resolution သုံးသင့်ပါသည်။Resolution 72 ထပ်ပို့သုံးပါက ပုံထွက်ကောင်းသည်မှာ မှန်သော်လည်း Print ထုတ်မှသာ သုံးသင့်ပါသည်။Resolution များလေ ဆိုဒ်ကြီးလေဖြစ်သောကြောင့် မိမိတင်သည့် အချိန်လည်းကြာသလို့ ထိုပုံကိုကြည့်သော Visitor များလည်းအချိန်ကြာနိုင်သောကြောင့်ဖြစ်ပါသည်။

Inspire-webstudio.com
09 9755 29 493



CMS သုံးသော Website တွေမှာ admin ကနေပြင်လိုက်ပြီး ၀က်ဘ်ဆိုဒ်ကနေ ပြန်ကြည့်တဲအခါမှာ မပြောင်းဘူး ဖြစ်နေတတ်ဘာကြောင့်ပါလဲ။


CMS သုံးသော Website တွေမှာ admin ကနေပြင်လိုက်ပြီး ၀က်ဘ်ဆိုဒ်ကနေ ပြန်ကြည့်တဲအခါမှာ မပြောင်းဘူး ဖြစ်နေတတ်ဘာကြောင့်ပါလဲ။

Website ရှိနေသောServer က တကယ် Website ကိုမပြဘဲ မိမိ internet လှမ်းချိန်ထားသော Server  တွင် ရှိနေသော သိမ်းထားသည့် Cache(Website အဟောင်း) ကိုပြတတ်သောကြောင့်ဖြစ်ပါသည်။ ထိုသို့ ဖြစ်နေပါက Crl+5 ကို ပူးတွဲပြီး နိုပ်ပါက တကယ် website အမှန်ကို ပြပါလိမ့်မည်။

Inspire-webstudio.com
09 9755 29 493

Best Myanmar Travel Agent in Myanmar